Thursday, 20 March 2014



ရခိုင့်အသံ ( The Voice of Arakan) ၊ မတ်လ (၂၀) ၊ ၂၀၁၄ ခုနှစ် ရက်စွဲပါ မောင်လှိုင် (လမု)၏ ရက္ခိုင့်တပ်မတော် မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် နှင့်မေးမြန်းချက်။(၁) ။ ရက္ခိုင့်တပ်မတော်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းနဲ့ရည်ရွယ်ချက် ကို ပထမဆုံးသိပါရစေ။

ရက္ခိုင့်တပ်မတော်ဖွဲ့စည်းပေါ်ပေါက်လာရတဲ့ သမိုင်းအကြောင်းရင်းကတော့ သမိုင်းရဲ့တောင်းဆိုချက်၊ လက်ရှိ ပကတိအခြေအနေရဲ့ တောင်းဆိုချက်၊ အနာဂတ်ရည်မှန်းချက် အစရှိတဲ့အကြောင်းတရားတွေနှင့် ရက္ခိုင့်တပ်မ တော်ကိုဖွဲ့စည်းရခြင်းလို့ပြောရင်ရပါလိမ့်မယ်။
တပ်မတော်တစ်ရပ်ဆိုကတည်းက မိမိတိုင်းပြည် နှင့်လူမျိုးကိုကာကွယ်ဖို့၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ် ဖို့တာဝန်ကအဓိကဖြစ်တယ်။ တိုင်းပြည်တစ်ပြည်ရဲ့ National Interest ဖြစ်တဲ့နယ်နိမိတ်၊သယံဇာတ၊ အမျိုးသား အမှတ်အသားသင်္ကေတလက္ခဏာ၊ အစရှိတဲ့ဟာတွေကို ထိပါးလာရင်ကာကွယ်စောင့်ရှောက်ဖို့ကလည်း အဲဒီ တပ်မတော်ရဲ့ တာဝန်ဖြစ်တယ်။ တနည်းပြောရရင်ရက္ခိုင့်တပ်မတော်ရဲ့ ရည်ရွယ်ချက်လို့ပြောရင်လည်းရတယ်။အဓိကနိုင်ငံရေးရည်မှန်းချက် တွေ ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့၊လုံခြုံအေးချမ်းမှုရှိတဲ့ ၊ တိုးတက်သာယာ တဲ့ရက္ခိုင့်လူ့ဘောင့်သစ်တည်ဆောက်ရေးအပါအဝင် မြန်မာ့နိုင်ငံရေးဖြစ် စဉ်ထဲမှာ အခြားတိုင်းရင်းသားများ နည်းတူ ကိုယ့်ကံကြမ္မာကိုယ်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေးရရှိရေးဆိုတဲ့အချက်တွေလည်းပါဝင်တယ်။


ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန