Wednesday, 26 March 2014

( ၅ ) နှစ်မြောက်ရက္ခိုင့်တပ်မတော်တော်နေ့တွက် ဂုဏ်ပြုထုတ်ဝေမှူ မဂ္ဂဇင်း

ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

Tuesday, 25 March 2014

တပ်မတော်နိ

တပ်မတော်တိုင်းတွင် တပ်မတော်နိဟူ၍ဟိကတ်ပါသည်။ ၎င်းနိရက် သည် သက်ဆိုင်ရာတပ်မတော်၏ အထွဋ်တမြတ် ထားအပ်သောနိရက်ပင်ဖြစ်သည်။ ထိုနိရက်သို့ ကျရောက် လာပါက တပ်မတော်အသီးသီးသည် အရီးကြီးသော တပ်မတော်နိအခမ်းအနားများကို အနှစ်သာရဟိစွာကျင်းပ
ပြုလုပ်လေ့ဟိကတ်သည်။ နှစ်စဉ်နှစ်တိုင်း ဧပြီလ (၁၀) ရက်နိသည် ရက္ခိုင့်တပ်မတော်၏ "တပ်မတော်နိ" ပင်ဖြစ်ပါသည်။ ဤနိရက်သည် ရက္ခိုင့်တပ်မတော်အတွက် သာမကပဲ ရက္ခိုင်တစ်မျိုးသားလုံးအတွက်
လေးနက်သောနိထူးရက်မြတ် လည်းဖြစ်ပေသည်။

ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

"တပ်မတော်နိ ကျင်းပရခြင်း၏ အနှစ်သာရများ"

ရက္ခိုင့်တပ်မတော်နိ ကို နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခြင်းအားဖြင့် ထိရောက်မှုဟိသော ရလာဒ်များကို တိုးပွားစီကြောင်းတွိမြင်ရပါသည်။ တပ်မတော်တွင်းဟိ စစ်သည်၊ စစ်မယ်များသည် တက်တက်ကြွကြွဖြင့် စစ်ရီးပြသခွင့်ရကတ်သည်။ တော်လှန်ရီး အနှစ်သာရကို လက်တွိကျကျ တွိမြင်ကြားသိခွင့်ရကတ်သည်။ ရဟန်းရှင်၊ မိဘပြည်သူလူထုများနှင့် မဟာမိတ်အဖွဲ့အစည်းများအနီဖြင့် ဝမ်းမြောက်မုဒိတာပွားကတ်ရသည်။ တပ်မတော်တစ်ရပ်အတွက် မရှိမဖြစ်လိုအပ်သော တစ်သွီး၊ တစ်သံ၊ တစ်မိန့် ကိုအကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိကြောင်းသိဟိရသည်။ ထူးချွန်ထက်မြက်သော ရဲဘော်များကိုဂုဏ်ပြုချီးမြှင့်ခြင်း ဖြင့် အနာဂတ် ရက္ခိုင့်တပ်မတော် တည်ဆောက်ရီးအခန်းကဏ္ဍအတွက် အထောက်အကူ ဖြစ်ပေါ်စီသည်။ တပ်မတော်နိ လွန်မြောက်ပြီး တိုင်း မိဖပြည်သူ လူထုနှင့် ရက္ခိုင့်တပ်မတော်အတွက် အားအင်များကို ဖွံ့ဖြိုးစီခြင်းရို့သည် လေးနက်သော အနှစ်သာရများပင်ဖြစ် ပါသည်။
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

အောင်စစ်သည်ဆုရ စံပြရဲဘော်အား စစ်ဦးစီးချုပ်မှ အောင်စစ်သည် စလွယ် နှင့် အောင်စစ်သည်ဓား အားဆုချီးမြှင့်နေပုံ။
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

သင်းတန်းဆင်းရဲဖော်များ စုပေါင်းအမှတ်တရဓါတ်ပုံ