ရက္ခိုင့်တပ်မတော်
စစ်ရုံးချုပ်
သတင်းနှင့်ပြန်ကြားရီးဌာန
သတင်းထုတ်ပြန်ချက် အမှတ် (၁/၂ဝ၁၄)
၁၃၇၅ - ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၃) ရက်
၂ဝ၁၄ - ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်
၁။ ရက္ခိုင့်တပ်မတော်၊စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် ဦးဆောင်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ပြည်သူများကိုတွိဆုံရန် ရခိုင်ပြည်တွင်းသို့လာမည်ဟူသော သတင်းများထွက်ပေါ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများအနီဖြင့် အမှန်အကန်သိလိုပါကြောင်း ဆက်သွယ်မီးမြန်းလာကတ်ပါသည်။ ထို့ကြောင့် ဤသတင်းမှာ မဟုတ်မှန်ပါကြောင်း၊ အစိုးရဖက်မှလည်း ကမ်းလှမ်းချက်တစ်စုံတစ်ရာ ပြုလုပ်မှုမဟိပါကြောင်း၊ ဟိလာပါက ပြည်သူ ထံသို့ အချိန်မီအသိပီးလားမည်ဖြစ်ကြောင်းများကို ထပ်တလဲလဲဖြေကြားပီးခပြီးဖြစ်ပါသည်။ သို့သော်လည်း ဆက် လက်မီးမြန်းမှုများဟိနီသည့်အတွက် ဤသို့သတင်းထုတ်ပြန်လိုက်ရပါသည်။