ရက္ခိုင့်တပ်မတော်
စစ်ရုံးချုပ်
သတင်းနှင့်ပြန်ကြားရီးဌာန
သတင်းထုတ်ပြန်ချက် အမှတ် (၁/၂ဝ၁၄)
၁၃၇၅ - ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၃) ရက်
၂ဝ၁၄ - ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်
၁။ ရက္ခိုင့်တပ်မတော်၊စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် ဦးဆောင်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ပြည်သူများကိုတွိဆုံရန် ရခိုင်ပြည်တွင်းသို့လာမည်ဟူသော သတင်းများထွက်ပေါ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများအနီဖြင့် အမှန်အကန်သိလိုပါကြောင်း ဆက်သွယ်မီးမြန်းလာကတ်ပါသည်။ ထို့ကြောင့် ဤသတင်းမှာ မဟုတ်မှန်ပါကြောင်း၊ အစိုးရဖက်မှလည်း ကမ်းလှမ်းချက်တစ်စုံတစ်ရာ ပြုလုပ်မှုမဟိပါကြောင်း၊ ဟိလာပါက ပြည်သူ ထံသို့ အချိန်မီအသိပီးလားမည်ဖြစ်ကြောင်းများကို ထပ်တလဲလဲဖြေကြားပီးခပြီးဖြစ်ပါသည်။ သို့သော်လည်း ဆက် လက်မီးမြန်းမှုများဟိနီသည့်အတွက် ဤသို့သတင်းထုတ်ပြန်လိုက်ရပါသည်။
၂။ ရက္ခိုင့်တပ်မတော်သည် အမျိုးသားညီညွတ်ရီးလုပ်ငန်းများကို အင်တိုက်အားတိုက်၊ ကျားကုတ်ကျားခဲ တွန်းတင်ဆောင်ရွက် လုပ်ကိုင်လျှက်ဟိပါသည်။ ဤလုပ်ငန်းစဉ်များ အထမြောက်အောင်မြင်လာစီရန်အတွက် ရပ် တည်ချက်ခိုင်မာပြီး စိတ်သဘောထားဖြောင့်မတ်မှန်ကန်မှု အပြည့်အဝဟိသော မည်သည့်အဖွဲ့အစည်းမျိုးနှင့်မဆို ပူးပေါင်းဆောင်ရွက်လားမည် ဖြစ်ပါသည်။ ကျစ်လျစ်ခိုင်မာမှုဟိသော အမျိုးသားတပ်မတော်တစ်ရပ် ပီပြင်စွာပေါ် ထွန်းလာရီးအတွက် ဆက်စပ်လုပ်ငန်းရပ်များကိုလည်း မိတ်ဆွေအဖွဲ့အစည်းများနှင့်အတူ ဟန်ချက်ညီညီဖြင့် စွမ်းစွမ်း တမံ အကောင်အထည်ဖော်လျှက်ဟိနီပါသည်။
၃။ ရက္ခိုင့်တပ်မတော်အနီဖြင့် တပ်မတော်၏ရပ်တည်ချက်နန့် ပြည်သူလူထုအပေါ်ထားဟိသော အခြီခံသဘော ထားများကို ယှင်းလင်းပြီးဖြစ်သည့်အပြင် တော်လှန်ရီးအဖွဲ့အစည်းများအပေါ်ထားသော သဘောထားမူဘောင်များကို လည်း ပြောကြားထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရီးအတွက် ကြိုးစားတည်ဆောက်နီရသောကာလ တွင် နိုင်ငံရီးလက်လျင်အမြတ်ထုတ်ခြင်းမျိုးကို ရက္ခိုင့်တပ်မတော်သည် မည်သည့်အခါတွင်မှ လုပ်ကိုင်ဆောင်ရွက် လိမ့်မည်မဟုတ်ပါကြောင်း တပ်မတော်နှင့်အတူ ပူးပေါင်းလုပ်ဆောင်နီကတ်သော လုပ်ဖော်ကိုင်ဖက်များနှင့် ရခိုင်မိဘပြည်သူ အပေါင်းကို ရိုးသားစွာဖြင့်အသိပီးအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရီးဌာန
စစ်ရုံးချုပ်
ရက္ခိုင့်တပ်မတော်
ဖုန်း- +၈၆ ၁၃၃ ၃၀၄၅ ၀၆၂၅
No comments:
Post a Comment