
ရခိုင်အမျိုးသမီးအစည်းအရုံး (RWU) မှ ကျင်းပပြုလုပ်သော ညီလာခံအခမ်းအနားသို့
ရက္ခိုင့်တပ်မတော်မှ ပီးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာ
ရက္ခိုင့်တပ်မတော်
စ စ် ရုံး ချုပ်
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၂၂) ရက်
ရခိုင်အမျိုးသမီးအစည်းအရုံး (RWU) မှ ကျင်းပပြုလုပ်သော ညီလာခံအခမ်းအနားသို့
ရက္ခိုင့်တပ်မတော်မှ ပီးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာ
စစ်တွေမြို့၊ အလိုတော်ပြည့်ဘုန်းကြီးကျောင်းတွင် ၂၀၁၄ ခုနှစ်၊ မတ်လ (၂၃) ရက်နိမှ (၂၆) ရက်နိအထိ (၄)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် ရခိုင်အမျိုးသားအစည်းအရုံး (RWU) ၏ စတုတ္ထအကြိမ်မြောက် ညီလာခံဖွင့်ပွဲ နှင့် ရခိုင်အမျိုးသမီးအစည်းအရုံးတည်ထောင်ခြင်း (၁၆)နှစ်မြောက် အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို ရက္ခိုင့်တပ်မတော်အနီဖြင့် ဂုဏ်ယူဝမ်းမြောက် လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
ရခိုင်အမျိုးသမီးအစည်းအရုံးအနီဖြင့် အဂုပိုင် ညီလာခံအခမ်းအနားကို စတုတ္ထအကြိမ်မြောက်အထိ ကျင်းပနိုင်ခြင်းသည် ရခိုင်အမျိုးသမီးအစည်းအရုံး၏ စည်းလုံးညီညွတ်မှုစွမ်းအားနှင့် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ များကို ပြသရာရောက်ပြီး အဖွဲ့အစည်းတစ်ခု၏ (၁၆) နှစ်တာကာလဟူသော သက်တမ်းကို ဖြတ်သန်းရောက်ဟိ လာခြင်းသည်လည်း ၎င်းအဖွဲ့အစည်းနှင့် သက်ဆိုင်သူအားလုံး၏ ကြိုးပမ်းအားထုတ်မှု၊ မိမိအဖွဲ့အစည်းအပေါ်တွင် ထားဟိအပ်သော သစ္စာတရား၊ အနစ်နာခံပီးဆပ်စွန့်လွှတ်မှု၊ တန်ဖိုးထားမှု၊ တာဝန်ကျီပွန်မှုရို့ကို ထင်ဟပ်ပေါ်လွင်စီသည်မှာ အမှန်ပင်ဖြစ်သည်။
ရခိုင်အမျိုးသမီးထုများအနီဖြင့် ရခိုင့်နိုင်ငံရီး၊ တော်လှန်ရီးနယ်ပယ်မှစ၍ လွှတ်တော်အထဲအထိပင် အမျိုးသားရီးတာဝန်များကို အမျိုးသားများနှင့်ရင်ဘောင်တန်း၍ အားမာန်အပြည့်ဖြင့် ကျီပွန်စွာထမ်းဆောင်နီကြသည်များကိုလည်း ရက္ခိုင့်တပ်မတော်မှ မှတ်တမ်းတင်ထားဟိပါသည်။
တစ်ဆက်တည်းမှာပင် ရခိုင်အမျိုးသားလုံခြုံရီးအတွက် တိုင်းပြည်တာဝန်များကိုထမ်းဆောင်ရန်အတွက် ပုခက်လွှဲသော သားကောင်းမိခင်များ၊ အားအင်ပြည့်ဖြိုးတက်ကြွသော ရခိုင်အမျိုးသမီးသူရဲကောင်းများကိုလည်း ရက္ခိုင့်တပ်မတော်မှ အမြဲတမ်းတံခါးဖွင့်ကြိုဆိုလျက်ဟိကြောင်း အသိပီးအပ်ပါသည်။
ရခိုင်အမျိုးသမီးအစည်းအရုံးအနီဖြင့် စတုတ္ထအကြိမ်မြောက်ညီလာခံတွင် ရခိုင်အမျိုးသား အကျိုးစီးပွားနှင့် အဖွဲ့အစည်း၏ အနာဂတ်လုပ်ဆောင်မည့် မူဝါဒ၊ လမ်းစဉ်များကို ချမှတ်နိုင်ပြီး ရခိုင်အမျိုးသမီးများ၏ သတ္တိ၊ အရည်အချင်း၊ စွမ်းဆောင်ရည်များကို ပိုမိုပြသနိုင်ရန်လိုအပ်နေပြီး ရခိုင်လူထုတစ်ရပ်လုံးကလည်း ပို၍မျှော်လင့်နီပေသည်။ ရက္ခိုင့်တပ်မတော်အနီဖြင့်ညီလာခံ အောင်မြင်စွာပြီးစီးနိုင်ရန် မျှော်လင့်မိယင်း “ ရခိုင်အမျိုးသမီး အစည်းအရုံး၏ စတုတ္ထအကြိမ်မြောက်ညီလာခံ အခမ်းအနားနှင့် (၁၆) နှစ်မြောက် အဖွဲ့အစည်းတည်ထောင်ခြင်း အခမ်းအနား” ကို ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။
စစ်ရုံးချုပ်၊ ရက္ခိုင့်တပ်မတော်
ဖုန်း - +၈၆ ၁၃၃ ၃ဝ၄၅ ဝ၆၂၅
Email-; arakanarmy2012@gmail.com
No comments:
Post a Comment