Arakan Army

DFENDER OF OUR FATHERLAND
  • HOME
  • NEWS
  • ENGLISH
  • STATEMENT
  • LIBRARY
  • Friday, 14 March 2014


    ရန်ကုန်ကိုရောက်ရှိနေတဲ့ ရက္ခိုင်တပ်မတော်မှ ဒုဗိုလ်မှူးကြီး ကျော်ဟန်နှင့် တွေ့ဆုံမေးမြန်းခန်း


    Kyaw-Han
    အစိုးရနန့် ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ “ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ညှိနိုင်းရေးအဖွဲ့ NCCT” အဖွဲ့ထဲ မှာ ပါဝင်တဲ့ ရက္ခိုင့် တပ်မတော်က ဒုဗိုလ်မှူးကြီးကျော်ဟန်ဟာ မွန်ပြည်သစ်ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးနိုင်ဟံသာနဲ့ အတူ မတ်လ ၇ ရက်နေ့က ထိုင်းနယ်စပ်တစ်နေရာကနေ ရန်ကုန်မြို့ကိုလေယာဉ်နဲ့ ရောက်ရှိလာပါတယ်။
    သူ့တို့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး  ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ သူတို့ လာရောက်ရတဲ့အကြောင်းကို ဒုဗိုလ်မှူးကြီး ကျော်ဟန်က အခုလို စပြောပါတယ်။
    ဒုဗိုလ်မှူးကြီး ကျော်ဟန်- ကျွန်တော်တို့က အပစ်အခတ်ရေးဆိုင်ရာ ညှိနှိုင်ဆွေးနွေးရေးအဖွဲ့ ဆိုတာရှိပါတယ်။ အဲဒီအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့နဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ကျွန်တော်က ရက္ခိုင့်တပ်မတော်က ကိုယ်စားလှယ် အနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့် ဒီ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာ အစိုးရနဲ့ ကျွန်တော်တို့ ဆွေးနွေးဖို့ရှိတဲ့ အတွက် ရန်ကုန်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ NCCT လို့ဆိုတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ်အနေနဲ့ ကျွန်တော်တို့ ဒီကို လာတာဖြစ်ပါတယ်။
    (ဒီဆွေးနွေးပွဲမှာ ပြည်သူတွေကို အသိပေးလို့ရတဲ့ အချက်တွေရှိရင် နည်းနည်း ပြောပြပေးပါ။ ဘယ်အ ချက်တွေကို အဓိက ဆွေးနွေးမယ်ဆိုတဲ့ အစီအစဉ်ပါ။)
    ဒုဗိုလ်မှူးကြီး ကျော်ဟန်- ကျွန်တော်တို့ ဆွေးနွေးဖို့တာက အချက်အလက် တစ်ချက်ချင်းစီတော့ မဟုတ်ပါ။ ကျွန်တော်တို့ ပထမဆုံး လိုင်ဇာသဘောတူညီချက်ရှိခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ကို အခြေခံတဲ့ တိုင်း ရင်းသားအဖွဲ့ အစည်းတွေရဲ့ရပ်တည်ချက် နိုင်ငံရေး မူဘောင်နဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူဘောင် တွေကို တစ်စုံတရာရောပြီး ကျွန်တော်တို့ ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်။ အဲဒါကို အစိုးရနဲ့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ညှိနိုင်းပြီးတော့ သဘောတူညီချက်ရအောင် ကြိုးစားသွားဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆွေးနွေးမယ်ဆိုတဲ့ အချက်အလက်တွေကို ပြောမယ်ဆိုရင် အရင်ကလောခီးလာ သဘောတူညီချက်ရဲ့ ဆွေးနွေးမှု ရလာဒ်က ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်တစ်ခုဖြစ် ပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ ဖြန့်ဝေပြီးဖြစ်တဲ့အတွက် ဒါတွေကို တချက်ချင်းစီ ပြောမယ်ဆိုရင် ရှည်သွားနိုင်ပါတယ်။ဒီအပေါ်မှာဘဲ အခြေခံပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
    (ပထမ မေးတာက တိုင်းရင်းသားတွေ့ရဲ့ ကဏ္ဍပေါနော့်။ နောက်တခုက ရခိုင်ပြည်သူတွေက ALP နဲ့ AA ပေါင်းစည်းရေး ဘယ်လို ရှိနေသလဲဆိုတာကို သိပ်လိုလိုလားလား သိချင်နေကြပါတယ်။ ဒါတွေကို လည်း နည်းနည်းချပြပြောဆိုပေးပါ။)
    ဒုဗိုလ်မှူးကြီး ကျော်ဟန် – ကျွန်တော်တို့ ရက္ခိုင့်တပ်မတော်နဲ့ ALP က ထိပ်သီးခေါင်းဆောင်တွေ စုစည်းပြီး ၃ ကြိမ်တိုင်တိုင် ဆွေးနွေးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ Join ကော်မီတီဖွဲ့ရေး အဆင့်ကိုရောက်နေပါပြီ။ ဒါ ကြောင့် ကျွန်တော်တို့ စစ်ရေး၊ နိုင်ငံရေး Join  ကော်မီတီကို ဘယ်လိုဖွဲ့မလဲ။  ဘယ်နှစ်ယောက်နဲ့ ဖွဲ့မှာ လည်းဆိုတာကို ကျွန်တော်တို့ နှစ်ဘက်လုံးက စဉ်းစားနေတာရှိပါတယ်။ အဲဒီကတစ်ဆင့် ပူးပေါင်း ဆောင် ရွက်ရေးမှာ ဘာတွေကို ပူးပေါင်းဆောင်ရွက်မှာလဲ။  အတူတူပူးပေါင်းဆောင်ရွက်ယင်း ကျွန်တော်တို့ အပြန်အလှန် နားလည် ယုံကြည်မှုကို အခြေခံရင်းနဲ့  ကျွန်တော်တို့ တစ်ဖွဲ့တစ်ပါတီဖြစ်ရေးကို ကျွန်တော်တို့ အရှိန်အဟုန် ပြင်းပြင်းနဲ့ ကြိုးစားနေတာတွေရှိပါတယ်။
    ( ဟုတ်ကဲ့၊ အခုကျောက်ဖြူမှာ ကျင်းပဖို့လုပ်နေတဲ့ အမျိုးသားညီလာခံနဲ့ ပတ်သတ်ပြီးလည်း နည်းနည်း ရှင်းပြပေးပါ။)
    ဒုဗိုလ်မှူးကြီး- ကျော်ဟန် – ဟုတ်ကဲ့။ အမျိုးသားညီလာခံဆိုတာက ကျွန်တော်တို့ ရခိုင်တွေ နေရာတစ်ခုခုမှာ ဆုံပြီး စကားပြေားကြဖို့က သိပ်အရေးကြီးပါတယ်။ စကားပြောကြပြီး အဲဒီကထွက်လာတဲ့ ရလာဒ်ဟာ ကျွန် တော်တို့ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် သိပ်အရေးကြီးတဲ့ ရလာဒ်တွေဖြစ်လာမယ်။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်အင်အားစုတွေ၊ အမျိုးသားတော်လှန်ရေး အင်အားစုတွေ၊ လူမှုရေးအင်အားစုတွေ၊ တတ်သိပညာရှင်တွေ၊ တစ်သီးပုဂ္ဂလတွေ ကျွန်တော်တို့ တစ်နေရာတည်းမှာစုပြီး လုံခြုံမှုကင်းမဲ့နေတဲ့ ရခိုင်အမျိုးသားတွေရဲ့ အခြေ အနေ၊ နိုင်ငံရေးရပိုင်ခွင့်၊ သယံဇာတ ရပိုင်ခွင့်၊ ပညာရေး၊ လူမှုရေး၊ အစစအရာရာအားလုံးကို ဆုံပြီးတော့ ဆွေး နွေးခြင်းအားဖြင့် ကျွန်တော်တို့ အဖြေကောင်း ရလာဒ်ကောင်း တစ်ခုကို ရလာမှာဖြစ်ပါတယ်။ အဲဒါတွေဟာ တစ်မျိုးသားလုံး ကိုင်စွဲသွားမဲ့ မူဘောင်တွေလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျောက်ဖြူမှာကျင်းမယ့် ရခိုင်အ မျိုးသားညီလာခံဟာ ရခိုင်တစ်မျိုးသားလုံးအတွက် အရေးကြီးတယ်။ ဒါကြောင့် ရခိုင်အမျိုးသား ညီလာခံ ဖြစ် မြောက်ဖို့အတွက်  အားလုံးပါဝင်ဖို့နဲ့ အဲဒီညီလာခံမှာ ချမှတ်လာတဲ့ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့အတွက်  ကျွန်တော်တို့ရခိုင်တမျိုးသားလုံးက ကြိုးစားဖို့ လိုအပ်တယ်လို့ ပြောလိုပါတယ်။
    ( အခုလာတဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီး ရခိုင်ပြည်သူတွေကို နည်းနည်း အမှာစကား ပြောကြားပေးစေချင်ပါတယ်။)
    ဒုဗိုလ်မှူးကြီး ကျော်ဟန်- ရခိုင်ပြည်သူတွေကို အမှာစကား ပြောတယ်ဆိုတာထက် ကျွန်တော်တို့ သိတာလေးတွေကို အပြန်အလှန် တင်ပြပြောဆိုတဲ့ သဘောပါ။  ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေး တစ်ရပ်ကို မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ တစ်ဘက်မှာလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်ရေးကို တည်ဆောက်နေသလို ပြည်တွင်းမှာလည်း ALD နဲ့ RNDP ကလည်း ANP ဆိုပြီးတစ်ဖွဲ့တစ်ပါတီဖြစ်သွားကြပါပြီ။ ကျွန်တော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့လည်း လက် ရှိမှာ ပြည်တွင်း ပြည်ပက အသိအမှတ်ပြုထားတဲ့ ရက္ခိုင့်တပ်မတော်နဲ့ ALP ပါတီတို့ အတိုင်းအတာတစ်ခုအထိ ကော်မီတီတွေ ဖွဲ့ပြီး တစ်ဖွဲ့တစ်ပါတီဖြစ်ရေးကို ဦးတည် ဆောင်ရွက်နေပါတယ်။ အဲဒီကနေ တခြားအဖွဲ့ငယ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရေး ရည်မှန်းချက်တွေရှိပါတယ်။ အဲဒီလိုဘဲ အရပ်ဘက်ဆိုင်ရာ ပြည်သူတွေကလည်း အတတ်နိုင်ဆုံး ကျွန်တော်တို့ “ အမျိုးကိုချစ် သွေးကိုစစ်” ဆိုသလို “ ချစ်လီ၊ ညီလီ စည်းလုံးလီ” ဆိုတဲ့ အဲဒီအခြေခံ သဘောတွေကို အခြေခံ ပြီး အတတ်နိုင်ဆုံး အမျိုးသားညီညွတ်ရေးကို တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းစီဖြစ်သော်၎င်း ကျွန်တော်တို့ ညီညွတ်ရေးကို တည်ဆောက်သွားကြမယ်လို့ ကျွန်တော်က အဲဒီလို တိုက်တွန်းလိုပါတယ်။
    (ဒုဗိုလ်မှူးကြီးကျော်ဟန်တို့ဟာ မတ်လ ၇ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ရန်ကုန်မှာ နေထိုင်သွားမယ်လို့ သိရပါတယ်။)
    (ပြီး)
     Credit: Narinjara
    Posted by Free Arakan at 04:50
    Email ThisBlogThis!Share to XShare to FacebookShare to Pinterest
    Labels: NEWS

    No comments:

    Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)

ARAKAN ARMY (AA)

ARAKAN ARMY (AA)
သင့်အားတပ်မတော်မှ အလိုဟိသည်...ဆက်သွယ်ရန်..ဆက်ဆံရေးရုံး၊တရုတ်နယ်စပ်၊ဖုန်း-၀၀၈၆-၁၃၃၃ ၀၄၅၀ ၉၄၄ ၊ ၀၀၈၆-၁၈၀၈ ၈၂၁၂ ၆၄၀ ၊ Email : arakanarmy2012@gmail.com
  • ▼  2014 (34)
    • 04/27 - 05/04 (1)
    • 04/06 - 04/13 (11)
    • 03/23 - 03/30 (9)
    • 03/16 - 03/23 (3)
    • 03/09 - 03/16 (9)
    • 02/23 - 03/02 (1)

Labels

  • ENGLISH
  • LIBRARY
  • NEWS
  • STATEMENT

ARAKANESE SONG

ARAKAN ARMY PHOTO GELLARY

Arakan Army. Simple theme. Powered by Blogger.